101

Saturday, 10 October 2015

computer of internet uses

ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့ သုံးနည်း
လိုအပ်ချက်တွေ ကတော့
1.PC ( Personal Computer ) မှာ အင်တာနက် ချိတ်ထား ရပါမယ်..
2. မိမိ အသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသား ဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန် မှန်ကန်နေရမှာ ဖြစ်ပါတယ်..
လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာ ဖြစ်ပါတယ်... သာမန်အားဖြင့် Settings>> Application >>Development>>USB Debugging မှာ အမှန်ခြစ် ရပါတယ်.. Android 4.2 နှင့် အထက် သမားတွေ ကတော့ ဒီမှာ ဖတ်ကြည့်ပါ...
2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install လုပ်ပြီး ရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက် လိုက်ပါ...
3. အောက်မှာ ပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...
Dev-Host    => http://adf.ly/NZwTH
Solidfiles    => http://adf.ly/NZwb4
Mediafire    => http://adf.ly/NZwfc
 Download>>> http://www57.zippyshare.com/v/302696/file.html
4. ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့ Android Tool.exe ကို Run လိုက်ပါ...
5. ပေါ်လာတဲ့ ဘောက်မှာ Select Device ဆိုတဲ့ အကွက်ကို နှိပ်ပြီး ကိုယ့်ဖုန်း အမျိုးအစားကို ရွေးပေးပါ... မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ) ကိုယ့်ဖုန်းကို သိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install လုပ်နေ ပါလိမ့်မယ်..
6. ခဏ ကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို မြင်ရပါလိမ့်မယ်.. Remember ကို အမှန်ခြစ်ပြီး Allow ကို နှိပ်ပေးလိုက်ပါ..
7. အားလုံးပြီး သွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ ရပါပြီ ခင်ဗျာ...
တစ်ချို့ အခက်အခဲ တွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ.. အဆင်ပြေပါတယ်. ဒါလုပ်ပြီး သွားရင် တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင် ပြန်လွှင့် နိုင်ပါသေးတယ်...

Tuesday, 30 December 2014

Love Poem

အမှောင်ချထားသော


သိပ်ပြီးပွင့်လင်းလွန်းတဲ့ သူငယ်ချင်း

ဘယ်သူမှ မသိလိုက်တဲ့အချိန်မှာ

ကွက်လပ်တစ်ခုရဲ့ လျှို့ဝှက်ခြင်းကို ခံလိုက်ရပြီ  ..... ။


ဆောင်းနှင်းပွင့်တို့ နှုတ်ဆက်ကြချိန်မှာ -

စာသင်ခန်းထဲ သူရောက်လာခဲ့တယ် ...

သမိုင်းစာအုပ်ထဲက တစ်ချို့တစ်ဝက်ကို ပြင်ဆင်ခွင့်ရဖို့ -

အင်္ဂါနေ့တိုင်း ကျောင်းမလာဘူး လို့မှာထားခဲ့ဖူးတယ် ...

သူ့အိမ်မှာ ဒေါင်းတစ်ကောင် ရှိတဲ့အကြောင်းနဲ့ပါက်သက်ပြီး -

သူမပြန်ခင်မှာ စကားနည်းနည်းပြောဖြစ်ကြတယ်  ...

တကယ်ဆို ...

မင်းက ကိန်းပြည့်သဘောဆောင်တဲ့ ဗလာစာရွက်တစ်ရွက်ပါ -

ကိုယ့်ကိုယ်ကိုယ် ရွက်လှေချိုးပြီး ရွက်လွင့်ခဲ့သူပေါ့  ...

ဒါပေမယ့်ကွာ -

မင်းပင်လယ်က လှိုင်းကြမ်းလိုက်တာ ...

ငါ့ကို ဆက်သွယ်ဖို့ မမေ့ပါနဲ့ .....

အဲဒီနောက်တော့ တော်တော် ကြာကြာ သူပျောက်နေခဲ့တယ်  .....


နောက်ဆုံးအကြိမ် သူ့ကို တွေ့လိုက်တုန်းက

နောက်သုံးနှစ်ဆို လွတ်ပါပြီကွာ ...တဲ့

သူပြောခဲ့တဲ့စကား

တကယ့် တကယ်တမ်းမှာ

ပါမောက္ခတွေကိုယ်တိုင် ဝါကျအထားအသို မှာယွင်းကြတုန်းပဲ

အခုတော့ ကြိုးပြတ်သွားခဲ့ပြီလေ ...

ဒီသောက်ရေတွင်းရဲ့ အနက်ရှိုင်းဆုံးတစ်နေရာဆီ

ရေငင်ပုံးလေး နစ်မြုပ်သွားခဲ့ပြီ ... နစ်မြုပ်သွားခဲ့ပါပြီ  ..... ။       ။

Sunday, 22 June 2014

အချစ်ကဗျာလေးတွေ ..... ပြန်လည်ခံစားချက်

                                 အားလုံးကိုအချစ်ကဗျာလေးတွေဝေမျှချင်ပါတယ်
       ကျွန်တော့ကဗျာတွေတော့မဟုတ်ပါဘူး   ပြန်လည်ခံစားချက်ဇြစ်ပါတယ်
  1. မောင်.အချစ်ဆုံး
    ကြော.ထုံးရယ်တဲ.ကေသာ
    တစ်ပွင်ပန်း
    ဆင်မြန်းပေးချင်လှ
    မောင်.ရဲ.ဆန္ဒ 
  2.  ဖူးစာနတ်မောင်
    အပေအတေကောင်
    ငါ.ကိုမမြင်ယောင်
    ဆောင်လို.ထား
    ဂလေဂချေ
    နတ်မသား .........။
  3. ကာရန်မညီသောကဗျာ

    ကိုယ်.ရဲ.လက်ဆောင်
    အပူရောင်မလုပ်
    အဖြုရောင်အဟုတ်သာ
    ပေးခဲ.သည် ။
    ရင်တွင်းမှာအလေးထား
    မြတ်နိုးခြင်းများစွာနဲ.
    အဝေးကရွှေရုပ်
    ငုတ်တုပ်ပဲကြည်.နေမည် ။
    ခြွေယူသူမဆွတ်ခူးမှီ
    ပင်ယံပေါ်ကသဇင်ကြော.
    မော.မော.လေးပဲပြုံးပါစေ ။
    ရွှေရောင်ဝင်းဝင်း
    ပျော်ရွှင်ခြင်းနဲ.
    သူပျော်နေက ၀မ်းသာသည်
    ပူဆွေးသောက
    သူရောက်ရလျှင်
    မျက်ရည်တွေချောင်းစီး
    မောင်းတီးလို.ငိုချင်ရဲ.
    စောင်းပြီးတော.ကဗျာတွေဖွဲ. ။
  4.  ဆူးခင်းလမ်းကိုလဲလျှောက်ခဲ.ဘူးပါပြီ
    ပန်းခင်းလမ်းကိုလဲလျှောက်ခဲ.ဘူးပါသည်
    သို.သော်................
    ငယ်ဘ၀ကျောင်းတက်ခဲ.ရသော
    လမ်းကလေးကို
    မမေ.သေးပါ ။
    သဇင်ကိုလဲလွမ်းခဲ.ဘူးသလို
    နှင်းဆီကိုလဲနမ်းခဲ.ဘူးပါသည်
    သို.သော်.................
    ငယ်ဘ၀ကကောက်ခဲ.ဘူးသော
    ခရေကိုတမ်းတဆဲပါ ။
    ငိုစရာတွေပေးခဲ.သူများနဲ.
    ဆုံခဲ.ရသလို
    ပျော်စရာတွေပေးသောသူများနဲ.လဲ
    ကြုံခဲ.ဘူးပါသည်
    သို.သော.................
    ကြေကွဲဖွယ်ရာများ
    လက်ဆောင်ပေးသွားသူကို
    ခုထိမမေ.နိုင်သေးပါ---------။               Y2K

Monday, 14 April 2014

အချစ်အတွက်ခံစားရရင်ဖြေဖြောက်နည်း(youngyouthking) Y2K

What is the love?  
အချစ်ကို လူတွေကအဓိပါယ်အမျိုးမျိုးဖွင့်ဆိုကျတယ်
 အချို့ကရယူချင်း၊ အချို့ကပေးဆပ်ချင်းတဲ့ ဒါပေမဲ့ အချို့ကအချစ်ဆိုတာချစ်နေဖို့ပဲတဲ့ အဲဒါဆိုရင်သင်ရော?
ကျွန်တော်လဲအချစ်ကိုခံစား ဖူးခဲ့ပါတယ်တစ်ခါကပေါ့.................
          အချစ်တွေက လူတွေကိုဦးဆောင်နိုင်ပါတယ် ပြီးတော့ တခါတလေ အချစ်ကအားဖြစ်စေပြီး၊ တခါတလေအချစ်ကမီးဖြစ်စေပါတယ်။
          အဲ့ဒီလိုမျိုး ခံစားရပြီဆိုရင် ပထမဆုံး
  •     စိတ်ကိုအေးအေး ထားပါ 
  •     ဖြစ်နိုင်ရင်အရင် ကအကြောင်းတွေကိုပြန်မတွေးပါနဲ (ကျန်ရစ်ခဲ့တဲ့အဖြစ်တွေဟာပြန်ခံစားရတက်ပါတယ်)
  •     အလုပ်တစ်ခုခုကိုစူးစိုက်လုပ်ကြည့်ပါ
  •     ငိုတက်သူဆိုရင်လည်း ၀အောင်ငိုလိုက်ပါ
  •     ပုံမှန်စား ပုံမှန်အိပ်ပါ (ဖြစ်ပြီးသား အကြောင်းအရာအတွက် ကို့ကို့ ဒုက္ခရောက်အောင်မလုပ်ပါနဲ့)
  •     ခရီးသွားပါ (အပန်းဖြေသဘောမျိုးဖြင့် ဝေးရာသွားပါ ဝေးလေမခံစားရလေပါပဲ)
  •     အရာအားလုံးကို အသစ်သဘောမျိုးမြင် ကြည့်ပါ
  •     အိပ်ခါနီးဆိုရင်လည်း သက်ဆိုင်ရာဘုရား တွေကို ၀တ်ပြု၊ ဆုတောင်း၊ တရားထိုင်၊ စသည်ဖြင့်လုပ်ကြည့်ပါ  (အဲဒါဆိုရင် အိပ်ရာဝင်ချိန်မှာ မခံစားရနိုင်တော့ပါဘူး)
  •     သီချင်းနားထောင်ပါ(သီချင်းနားထောင်ချင်းသည် ခံစားမူကိပြေပြောက်စေပါသည်)  
              ဖြစ်နိုင်ရင်
  •     အရင်ချစ်သူကိုမေ့လိုက်ပါတော့
           အဒီလိုလုပ်ဆောင်ကြည့်ပါကခံစားချက်များကိုအထိုက် အလျောက် တော့ပြေပြောက်စေနိုင်ပါတယ် (ဒီအကြံပေးချက်များဟာအပြုဘောဖြစ်၍ အမှားအယွင်းရှိခဲ့ရင်.............................................) 
                      Y2K .  .  .  youngyouthking969@gmail.com

youngyouthking




လူတိုင်းချစ်ရသူနင့်ပေါင်းဖက်နိုင်ပြီး
ဘ၀မှာသာယာချမ်းမြေ့နိုင်ပါစေ